မြန်မာ့ဆန်တင်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် MOU လက်မှတ် ယနေ့ရေးထိုးမည်

မြန်မာ့ဆန်တင်ပို့ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် MOU လက်မှတ်ကို ဒီကနေ့မှာရေးထိုးသွားမှာဖြစ် ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာ့ဆန်များတင်ပို့နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အစိုးရ အချင်းချင်းလက်မှတ် ရေးထိုးသွားမှာဖြစ် ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူးဦးမြင့်လွင်က ပြောပါတယ်။

“အစိုးရအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ပြီးတော့မှ ဒီနေ့မှာ MOU လက်မှတ်ရေးထိုးသွားမှာပါ။ တန်ချိန် ဘယ်လောက်တင်ပို့မယ်၊ ဘယ်ဆန် အမျိုးအစားတွေတင်ပို့သွားမယ်ဆိုတာကတော့ MOU ထိုးပြီးတာနဲ့ ပြန်ပြီး တော့ သတင်းထုတ်ပြန်သွားမှာပါ။”

မြန်မာ့ဆန်များတင်ပို့ရန်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ Ministry of Food မှသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ မြန်မာအစိုးရ ရဲ့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများတက်ရောက် သွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို နေပြည်တော်ရှိ Hilton Hotel ဟိုတယ်မှာ ဒီကနေ့ ညနေ ၅နာရီခွဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ် ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

#Agro_News
#Pissaya_Info အေးအေးကျော်




Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.