ဘရာဇီးသမ္မတဟောင်းနှစ်ယောက်ကို လာဘ်စားမှုနဲ့ တရားဝင်စွဲချက်တင်

ဘရာဇီးဟာ သမ္မတဟောင်း ဒီမာရူးဆက်ဖ်နဲ့ လူးဝစ်အင်နာစီယိုလူလာဒါဆေးဗားကို နိုင်ငံပိုင် ရေနံလုပ်ငန်းကြီး ပီထရိုဘရက်စ်ဆီက ရန်ပုံငွေတွေကို ရယူဖို့ပူးပေါင်းကြံစည်မှုနဲ့ အင်္ဂါနေ့က တရားဝင်စွဲချက်တင် လိုက်ပါတယ်။

ဒီသတင်းဟာ သမ္မတထပ်မံဖြစ်ခွင့်ရဖို့ ကြိုးစားနေတဲ့ လူလာအတွက် သတင်းဆိုးဖြစ်ပါလိမ့်မယ်။ ရူးဆက်ဖ်ဟာ လူလာရဲ့နောက်တက်သမ္မတဖြစ်ခဲ့ပြီး ဘရာဇီးရဲ့ပထမဆုံး အမျိုးသမီးသမ္မတလည်းဖြစ်ပါတယ်။”ရူးဆက်ဖ် တရားစွဲဆိုခံရပြီး ဖြုတ်ချခံရတဲ့ ၂၀၀၂ နှစ်လယ်ကနေ ၂၀၁၆ မေ ၁၂ အထိ သည်ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရတယ်” လို့ ရှေ့နေချုပ်ရုံးက ဆိုပါတယ်။

သူတို့ရဲ့လုပ်သားများပါတီဟာ ပီထရိုဘရက်စ်၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဘဏ်နဲ့ စီမံကိန်းဝန်ကြီးဌာနအပါအ၀င် ပြည်သူ့ရန်ပုံငွေတွေကို အသုံးချပြီး ဒေါ်လာ ၄၇၅ သန်းကို လာဘ်စားခဲ့တယ်လို့ စွဲချက်တွေမှာတွေ့ရပါတယ်။ နိုင်ငံဖြတ်ကျော်လာဘ်ပေးမှုလုပ်ငန်းကို လူလာက အဓိကကြိုးကိုင်ခဲ့တယ်လို့ ရှေ့နေချုပ် ရိုဒရီဂိုဂျာနော့က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုဟာ ပီထရိုဘရက်စ်ကိုအခြေခံပြီး စီးပွားရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေက ဆောက်လုပ်ရေးစာချုပ်တွေကို အသုံးပြုပြီး ဒေါ်လာဘီလျံပေါင်းများစွာကို အိတ်ထဲထည့်ခဲ့တဲ့အမှုဖြစ်ပါတယ်။

source_kumudra




Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.