လယ်ယာသုံးစက်ကိရိယာများ အရစ်ကျရောင်းချမှုအရေအတွက် မြင့်တက်လာ

စက်မှုလယ်ယာဦးစီးဌာနမှ အရစ်ကျရောင်းချတဲ့ လယ်ယာသုံးစက် ကိရိယာ များအရေအတွက်မှာ လစဉ်မြင့်တက်လာကြောင်း စက်မှု လယ်ယာဦးစီး ဌာနမှသိရပါတယ်။

လယ်ယာသုံးစက်ကိရိယာများကို တစ်လလျှင် အစီးရေတစ် ရာကျော်ရောင်း ချ နေရတဲ့အတွက် ရောင်းချမှု အရေအတွက်မှာ မြင့်တက် လာတယ်လို့  စက်မှုလယ်ယာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးကိုကိုမောင်က ပြောပါ တယ်။

“ လယ်ယာသုံးစက်ကိရိယာထွန်စက်အရစ်ကျရောင်းချမှုအရေအတွက်မှာ မြင့်တက်လာပါတယ်။ တစ်လကို တစ်ရာကျော်လောက် အရစ် ကျဝယ်ယူ မှုတွေရှိပါတယ်။အခုဆိုရင် အရစ်ကျရောင်းချတာကရှစ်လလောက် ရှိသွားပြီဆိုတော့ အရေအတွက်က လည်း တစ်လထက် တစ်လမြင့် တက်လာပါတယ်။တချို့ပြည်နယ်တွေကျ တော့လည်း ခရီးဝေးတော့ ဝယ်ယူမှုနည်းတာတွေရှိပါတယ်။အရစ်ကျကတော့ အခု ချိန်ထိ ရောင်းချမှုရှိပါတယ်။”

ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်း ဒေသကြီး ၊ဧရာဝတီတိုင်း ဒေသကြီး နဲ့ ကယားပြည်နယ်တို့မှာ အရစ်ကျဝယ်ယူမှုအများဆုံးဖြစ်ကြောင်းလည်း စက်မှုလယ်ယာ ဦးစီးဌာနရဲ့ စာရင်းဇယားများ အရ သိရပါတယ်။

ယခုလက်ရှိအချိန်ထိ စက်မှုလယ်ယာဦးစီးဌာနရဲ့အရစ်ကျရောင်း ချမှုအရေအတွက်မှာ (၈၅၅) စီးရှိပြီဖြစ်ပြီး နယူးဟော်လန်စက်နှင့် ဆိုနာ လီကာ စက်အမျိုးအစားများကို အများဆုံးဝယ် ယူကြောင်းလည်းသိရပါတယ်။

အရစ်ကျဝယ်ယူချင်တဲ့တောင်သူများအနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ကျေးရွာ များရဲ့ စက်မှုလယ်ယာစခန်းများ မှာ မေးမြန်းစုံစမ်းဝယ်ယူနိုင် ကြောင်း လည်းသိရပါတယ်။

လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျဝယ်ယူလိုပါကစက်တန်ဖိုးရဲ့ ကနဦးငွေကို ၁၀ ရာခိုင်နှုန်း ပေးသွင်း ရမှာ ဖြစ်ပြီး(၃) နှစ်အတွင်း (၆) လတစ်ကြိမ် (၁၅) ရာခိုင်နှုန်း ပေးသွင်းရမှာဖြစ်ကြောင်း စက်မှုလယ်ယာ ဦးစီး ဌာနမှသိရပါတယ်။

၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ လယ်ယာသုံးစက်ကိရိယာများကို အရစ်ကျရောင်းချခဲ့ကြောင်းလည်းသိရပါ တယ်။

အေးအေးကျော် (Pissaya info)




Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.