⁠နှမ်း၏ အ⁠ရေး⁠ကြီး⁠သော ⁠ပြင်ပသွင်⁠ပြင်လက္ခဏာများ

မူရင်းဒေသ

နှမ်း ၊ တေး ၊ ဂျင်းဂျဲလီ ၊ စင်စင် ၊ ဂျာရယ်လင် စသည်ဖြင့် အမည်အမျိုးမျိုးရှိသော Sesamum indicum L သည် အိန္ဒိယ ၊ မြန်မာ ၊ အင်ဒိုနီး ရှား ၊ တရုတ် နှင့် အာဖရိကအပူပိုင်းဒေသတို့တွင် ရှေးယခင်ကတည်းကပင် ဆီထွက် သီးနှံအဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးခဲ့သော အရေးကြီး သည့် သီးနှံတစ်မျိုးဖြစ်သည်။ အပူပိုင်းအာဖရိက ၊မက်ဒါ ဂက်စ်ကာ ၊ အာရေးဗီးယား ၊ သီရိလင်္ကာနှင့် သြစတြေးလျ အပူပိုင်းဒေသတို့တွင် နှမ်းသည် သဘာဝအ လျောက် ကျယ်ကျယ်ပြန့်ပြန့် ပေါက်ရောက်လျက်ရှိသည်။ ယခုအခါ အမေရိကန်၊ မက္ကဆီကိုနှင့် လက်တင် အမေရိ ကနိုင်ငံတို့တွင် နှမ်းကို အလေးထားစိုက်ပျိုးလာကြသည်။

အာဖရိကတွင် နှမ်းရိုင်းမျိုးစိတ်ပေါင်း မြောက်များစွာ တွေ့ရှိရသောကြောင့် အာဖရိကတိုက်သည် နှမ်းမျိုးစိတ် များ၏ မူရင်းဒေသဟု ဆိုနိုင်သည်။ အာဖရိကတိုက် အပူပိုင်းဒေသတွင် နှမ်းမျိုးစိတ်ပေါင်း (၁၇) မျိုးခန့်အား မူရင်းဒေသအဖြစ် မှတ်တမ်းတင် ထားသည်။ ပါကစ္စတန်နိုင်ငံတွင်လည်း လွန်ခဲ့သော နှစ်ပေါင်း (၅၀၀၀) ခန့်ကတည်းက နှမ်းများပေါက်ရောက်မှုရှိကြောင်း တွေ့ရှိရသည်။ အိန္ဒိယ တိုက်ငယ်သည် နှမ်းမျိုးစိတ်များ၏ မူရင်းဒေသအချက်အချာဖြစ်ကြောင်း ပိုမိုသေချာလာခဲ့သည်။ နှမ်းနှင့် ဝတ်မှုန်ကူး သန္ဓေ အောင်နိုင် သော Sesamum malabaricum မျိုးစိတ်အား အိန္ဒိယအတွင်းရှိဒေသများတွင် တွေ့ရှိရသောကြောင့် အိန္ဒိယနိုင်ငံသည် နှမ်းပေါက် ရောက်ရာ မူရင်းဒေသဖြစ်ကြောင်း ပိုမိုသေချာစေခဲ့သည်။

ပေါက်ရောက်ပုံအလေ့အထ

အပင်အမျိုးအစားများမှာ တစ်ပင်တိုင်နှင့်ကိုင်းဖြာဟူ၍ နှစ်မျိုးရှိသည်။သက်တမ်းရှည် (နေ့တာတို) နှမ်းမျိုးများ မှာ ပင်စည်လုံး ပိုကြီးပြီး ဘေးကိုင်းလည်းများသည်။ နှမ်းသည် အဆုံးမရှိ ပန်းခိုင် အမျိုးအစားဖြစ်ပြီး အရင်းမှ ပန်းစပွင့်သော အမျိုးအစားဖြစ်သည်။ နှမ်းပင်များ သည် ဆက်လက်ကြီးထွားပြီး ပန်းပွင့်နှင့်သီးတောင့်များလည်း အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဖြစ်ထွန်းကြီးထွားလေ့ရှိသည်။ ထို့ကြောင့် ကြီးထွားချိန်နောက်ပိုင်း မည်သည့် အချိန်တွင်မဆို ကောင်းစွာရင်မှည့်သော အသီးတောင့်များ ၊မမည့်သေးသော အသီးတောင့် များ၊ ပန်းပွင့်များနှင့် အဖူးများအား နှမ်းပင်တွင် တစ်ပြိုင်တည်းတွေ့ရသည်။

အမြစ်များ

နှမ်းတွင် ကိုင်းဖြားတွင် မြစ်စဉ်ပုံသဏ္ဍာန်ရှိသည်။ သက်တမ်းတို (နေ့တာရှည်) အပင်မျိုးများတွင် ရေသောက် မြစ်သည် (၃) ပေခန့်အထိ ဆင်းနိုင်ပြီး အမြစ်ငယ်များမှာ အနည်းငယ်သာ ထိုးဖောက်နိုင်သည်။ သက်တမ်းရှည် အပင်မျိုးများတွင် မြစ်ငယ်နှင့် မြစ်မွှာများ များစွာရှိပြီး အမြစ်ကြီးထွားမှုနှေးသည်။

ပန်းပွင့်များ

ပန်းပွင့်မှာ အဖြူရောင်ဖြစ်ပြီး တစ်ခါတစ်ရံ အရောင်ရှိတတ်သည်။ မျိုးအပေါ် မူတည်၍ ပင်စည်နှင့် ကိုင်းကြား တွင် ပန်းပွင့်တစ်ပွင့် (သို့မဟုတ် ) သုံးပွင့်ပါဝင်သည်။ ပန်းပွင့်များမှာ ပင်တည်းဝတ်မှုန်ကူးသော အမျိုးအစားဖြစ် ပြီး အင်းဆက်တို့၏ လုပ်ငန်းလုပ်ဆောင် မှုအပေါ် မူတည်၍ (၅)ရာခိုင်နှုန်း (သို့မဟုတ်) (၅) ရာခိုင်နှုန်းအထက် ပင်ခြားဝတ်မှုန်ကူးသော အမျိုးအစားဖြစ်သည်။

သီးတောင့်များ

သီးညှာတစ်ခုစီတွင် သီးတောင့်တစ်တောင့် (သို့မဟုတ်) သုံးတောင့် ပါရှိပြီး သီးလုံးတွင် အစေ့အိမ် အခန်း (၂) ခုပါသော နှမ်းရိုးရိုးနှင့် အစေ့အိမ် (၄)ခန်းပါသော နှမ်းပတ်လည် ဟူ၍ (၂) မျိုးရှိသည်။ အပင်တစ်ပင်တွင် ပါဝင် သော သီးတောင့်အရေအတွက်မှာ နှမ်းမျိုးနှင့် ပေါက်ရောက်ရသော အခြေအနေတို့ပေါ် မူတည်၍ အနည်းငယ် မှ ရာဂဏန်း(၃၀၀-၄၀၀) အထိပါနိုင်သည်။

အစေ့များ

နှမ်းစေ့၏အရွယ်အစား ၊အရောင်နှင့် မျက်နှာပြင်အနုအကြမ်းမှာ ကွာခြားသည်။ မျိုးကွဲပြားမှုကြောင့် ဆီထွက်ရာ ခိုင်နှုန်း လည်းကွဲပြား သည်။ ပတ်ဝန်းကျင်၊ရေ၊မြေ၊သဘာဝအခြေအနေများသည် ဆီထွက်ရာခိုင်နှုန်းအပေါ်များ စွာ အကျိုးသက်ရောက်မှုရှိသည်။

ရာသီဥတုအခြေအနေ

နှမ်းသည် အပူပိုင်းဒေသနှင့် အပူသမပိုင်းဒေသရှိ လွင်ပြင်များနှင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၀၀၀) ခန့်ရှိသော ဒေသ များအထိ ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည်။ နှမ်းသည် အပူချိန်လျော့နည်းခြင်းကို ခံနိုင်ရည်မရှိပေ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများတွင် နွေရာသီ၌သာနှမ်းကို စိုက်ပျိုးသော်လည်း အိန္ဒိယကျွန်း ဆွယ်ဒေသတွင် တစ်ရာသီထက်ပို၍ စိုက်ပျိုးသည်။ နွေရာသီတွင် နှမ်းကို မိုးရေသောက်သီးနှံအဖြစ် စိုက်ပျိုးပြီး ဆောင်းရာသီတွင် မိုးရေချိန် ပမာဏ (၅၀၈) မီလီမီတာ မရရှိသောအခါ ဆည်ရေသောက်အဖြစ် စိုက်ပျိုးကြ သည်။

ယေဘုယျအားဖြင့် အပူချိန် (၇၀) ဒီဂရီ ဖာရင်ဟိုက်မှ (၉၀)ဒီဂရီဖာရင်ဟိုက်သည် နှမ်းစိုက်ပျိုးမှုအတွက် အကောင်းဆုံး ဖြစ်သည်။ နွေနှမ်းတွင် ပန်းပွင့်ချိန်၌ အပူချိန် (၁၀၅)ဒီဂရီ ဖာရင်ဟိုက်ထက် ကျော်လွန်ပါက ဝတ်မှုန်များ သန္ဓေမအောင်ဘဲ သီးတောင့်တည်မှုလည်း လျော့နည်းသည်။ မိုးနှမ်းအတွက် လိုအပ်သော မိုး ရေချိန်ပမာဏမှာ စိုက်ပျိုးချိန်ကာလ တစ်လျှောက် ညီညီမျှမျှ ရွာသွန်းသော မိုးရေချိန် ပမာဏ (၆၃၅ -၁၀၁၆ ) မီလီမီတာဖြစ်သည်။ စိုက်ပျိုးချိန်နှင့်ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှု ပြင်းထန်ပါက အပင်ဦးရေ နှင့်အထွက်နှုန်း သိသိသာသာ လျော့နည်းသည်။

မြေအမျိုးအစား

ယေဘုယျအားဖြင့် နှမ်းသည် လုံလောက်သော ရေအစိုဓာတ်ထိန်းထားနိုင်ရန်အတွက် ရေသွင်းရေထုတ် ကောင်းမွန်သော သဲဆန်မြေကို နှစ်သက်သည်။နှမ်းပင်များ၏ အမြစ်များကြီးထွားမှုနှင့် ပျံ့နှံ့နိုင်မှုကို အပင် ဖြစ်ထွန်းချိန်တွင် သိသာထင်ရှားသည်။ မိုးနှောင်းထွန်ရေး ခံခြင်းနှင့် မြေကိုမှုန့်ညက်အောင် ထွန်ယက်ခြင်းများ လုပ်ဆောင်သင့်သည်။

စိုက်ပျိုးသုတ ပစ္စယ




Leave a Reply

Your email address will not be published. Required fields are marked *