တီဆူပါ ⁠ဖော့စဖိတ် ကိုထိ⁠ရောက်စွာအသုံး⁠ပြု⁠ခြင်း

ဖော့ဖရပ်(စ်) ခေါ် မီးစုန်းဓာတ် ရရှိရန် တီဆူပါ ဖော့စဖိတ်ကိုအများဆုံးအသုံးပြုကြသည်။

မီးစုန်းမှာ အပင်များအတွက် အဓိကအများလိုဒြပ်စင် Primary micro – element တစ်မျိုးဖြစ်သည်။

အဓိကအားဖြင့် ယင်းမှာ ဇီဝကိစ္စ အရပ်ရပ်အတွက်လိုအပ်သော ဓာတုစွမ်းအင်ကို သိုမှီးရာ၊ ဖြန့်ဖြူးရာဖြစ်သည်။ စိုက်ပျိုးသူများ အနေနှင့် ကား လိင်ပိုင်းကြီးထွားခြင်း Reproductive growth အတွက်အရေးကြီးသောဒြပ်စင်ဖြစ်သည်။

ထို့ကြောင့်လည်း လိင်ပိုင်း သို့မဟုတ် မျိုးပွားအင်္ဂါများဖြစ်သော ပန်းပွင့်၊ အသီး၊ အစေ့များအတွက်တာဝန်ရှိသည်။

အချို့ကမီးစုန်းကို ပန်းပွင့်ခါနီးမှ ကျွေးရသောအာဟာရအဖြစ် မှားယွင်စွာခံယူမိကြသည်။

အမှန်မှာမီးစုန်းသည် စွမ်အင်နှင့်ပတ်သတ်၍ တာဝန်ရှိသောကြောင့် စွမ်းအင်ကိုအသုံးပြုနေရသော ဇီဝကိစ္စအရပ်ရပ်အတွက် လိုအပ်ပေ သည်။ အစေ့များအညှေက်ပေါက်ချိန်မှ စ၍ ဇီဝစွမ်းအင် စတင်လိုအပ်သည်။ အပင်ငယ် ဘဝမြေတစ်နေရာ၌ အသားကျ အခြေချရန် အမြစ်များမြေထဲသို့ထိုးဝင်ရန် မြေပေါ်ပိုင်းအင်္ဂါများ ကမာမြေကြီး ဆွဲငင် အားနှင့် ဆန့်ကျင်၍ အထက်ဆီသို့တိုးထွက်၊ ကြီးထွားရန် မြေထဲ မှရေနှင့်အာဟာရများအထက် ပိုင်းဆီသို့ ပို့ဆောင်ရသည့်ကိစ္စပေါင်းများစွာအတွက်ဇီဝစွမ်းအင်လိုအပ်သည်။

ထို့ကြောင့်မီးစုန်းကိုအပင်ငယ်စဉ်ကပင်လိုအပ်ခြင်းဖြစ်သည်။

ထိုအချိန်မျိုးတွင်အပင်ငယ်က လွယ်ကူလျှင်မြန်စွာစုပ်ယူစားသုံးနိုင်သောရေပျော် မီးစုန်းမြေဩဇာများကိုအသုံးပြုကြရသည်။

အပင်ငယ်များ၏ ဘဝအစပိုင်းအတွက် လိုအပ်သော မီးစုန်းဓာတ်ပါရှိသည့် သီးသန့်မြေဩဇာများကို အစပျိုးမြေဩဇာ Starter fertilizer ဟုခေါ်သည်။ အကယ်၍ မီးစုန်းဓာတ်ချို့တည့်ပါကအပင်များကြီးထွားနှုန်းနှေးသည်။ ပုညှက်သည်။ပန်းပွင့်ချိန်နောက်ကျသည်။

ပန်းပွင့်နှင့်အသီးအရည်အသွေးမကောင်း၊ အသီးတင်ရန်လေးသည်။ သီးကင်းကြွေမှုများသည်။ မီးစုန်းသည်အပင်များ၏ အမြစ်ဖွံ့ဖြိုးမှု ကိုဖြစ်စေသည်။

မီးစုန်းကို ကောင်းစွာစားသုံးရ၍ အမြစ်ဖွံ့ဖြိုးမှုကောင်းသောအပင်များသည်မြေပေါ်ပိုင်းအင်္ဂါများကြီးထွားဖွံ့ဖြိုးခြင်းကိုကောင်းစေရုံမက အထွက်နှုန်းကိုပါကောင်းစေသည်။

မြေဆီလွှာထဲတွင် မီးစုန်းအနည်းငယ်သာ ရေပျော်မီးစုန်းအဖြစ်ရှိနေသည်။ အပင်များမတွက် လုံလောက်မှုမရှိ။ လတ်တလောရေမပျော် သေးသော်လည်း ရေပျော်အဆင့်သို့ရောက်လာနိုင်သော မီးစုန်းပမာဏမှာလည်းမများပေ၊ ရေပျေည်ရန်ခက်ခဲပြီး အပင်များစားသုံးနိုင် သော မီးစုန်းအဆင့်သို့ အလွန်ရောက်ခဲသော မီးစုန်းတို့သာမြေကြီးထဲတွင်ရာခိုင်နှုန်းအများဆုံးရှိနေသည်။

ထို့ကြောင့် စိုက်ပျိုးသူများအနေနှင့် အပင်များစားသုံးနိုင်သော ရေပျော်မြေဩဇာများရရှိလာရန်နှင့် မီးစုန်းမြေဩဇာများကို အသုံးပြုရန် လိုအပ်ပေသည်။

မြေဆီလွှာအတွင်းရှိမီးစုန်းအများစုမှာရေမပျော်သေးသောဩဂဲနစ်မီးစုန်းများသာဖြစ်သည်။

အပင်များစားသုံးနိုင်သောမီးစုန်းများ၏ ၃၀% မှ ၈၀%မှာဩဂဲနစ်မီးစုန်းများဖြစ်သည်။

မီးစုန်းသည်အပင်အတွင်းသို့ရောက်သောအခါတစ်နေရာမှတစ်နေရာသို့လွယ်ကူလျှင်မြန်စွာရွှေ့လျားနိုင်သော်လည်းမြေဆီလွှာ အတွင်း၌ကားရွှေ့လျားရန်အလွန်ခက်ခဲသည်။

ထို့ကြောင့်ယင်တို့ကို အပင်၏အမြစ်နှင့် ထိတွေ့မှသာအပင်ကရရှိနိုင်သည်။ ထို့ကြောင့် အမြစ်ဖွံ့ဖြိုးမှုကောင်းသောအပင်များက သာမီးစုန်းကိုစုပ်ယူရန်အဆင်ပြေသည်။

အမြစ်များမှသဘာဝစိမ့်ထွက်သောအမြစ်စိမ့်ထွက်ရည်Root exudate အတွင်းပါလာသောအော်ဂဲနစ်အက်ဆစ်များ ချီလိတ် Chalate တို့ကြောင့် အမြစ်ဝန်းကျင်ရှိ ရေမပျော်သောမီးစုန်းများကို ရေပျော်စေပြီးစုပ်ယူစားသုံးနိုင်သည်။

အမြစ်ဝန်းကျင်တွင်ရှိသော ဘတ်တီးရီးယားများ၊ မှိုများ၊ အက်တီနိုမိုက်စီးတီး စသည့်အနုဇီဝရုပ် Micro organisms များကလည်းအော် ဂဲနစ်အက်ဆစ်များနှင့်ချီလိတ်အိတ်၊ထွက်ရှိစေသည်။

ထိုအနုဇီဝအိတ်များမှရရှိသောပစ္စည်းများကြောင့် ဝန်းကျင်ရှိရေမပျော်သောမီးစုန်းများရေပျော်လာသည်။

ထိုရေပျော်မီးစုန်းများကိုသာအပင်၏အမြစ်များကစုပ်ယုစားသုံးနိုင်သည်။

မြေဆီလွှာအတွင်းရှိဩဂဲနစ်ပစ္စည်းများကို အနုဇီင်္ဝရုပ်များက ဆွေးမြေ့စေသည်။

ထိုအနုဇီဝရုပ်များ ကဩဂဲနစ်ပစ္စည်းများကို ဆွေးမြေ့စေသောအခါကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များထွက်လာသည်။

ထိုဓာတ်နှင့် ရေပေါင်းစပ်သောအခါ ကာဘိုနစ်အက်ဆစ်  Carbonic Acid ဖြစ်ပေါ်လာသည်။

ထိုအက်ဆစ်ကြောင့်လည်း ရေမပျော်သောမီးစုန်းများ ရေပျော်ပြီးအပင်များ အလွယ်တကူ စုပ်ယူစားသုံးနိုင်သော အဆင့်သို့ရောက်ရှိစေ သည်။

ထိုသို့ဖော့စဖိတ်များကို ရေပျော်အောင်ပြုလုပ်ပေးသောအနုဇီဝရုပ်များကို Phosphate solubilizing micro- organisiam များဟုခေါ် သည်။

ရေပျော်မီးစုန်း၏သဘာဝသည်အိုင်းရွန်း(ခေါ်)သံဓာတ် Fe, အလျူမီနီယမ် Al,ကယ်လ်စီယမ် Ca များနှင့်ဓာတ်ပြုပြီးရေမပျော် အနည် ထိုင်ဘဝသို့ရောက်ရှိမြဲဖြစ်သည်။

ထို့ကြောင့်အပင်များလွယ်ကူစွာ ၊လျှင်မြန်စွာစားသုံးနိုင်သေရေပျော်ဖော့စဖိတ်များအသုံးပြုစဉ်တွင်မြေဆီလွှာအတွင်း ထိုဒြပ်စင် ၃ မျိုးနှင့်ထိတွေ့ဓာတ်ပြုမိပါက အပင်များစားသုံးနိုင်သော အဆင့်မရောက်တော့ပေ။ ချဉ်လွန်း၊ငန်လွန်း သောမြေမျိုးတွင် မီးစုန်းဓာတ်ချို့ တဲ့မြဲဖြစ်သည်။

စိုက်ပျိုးသုအနေနှင့် မီးစုန်း၏ သဘာဝကိုလေ့လာပြီးသော အခါယင်းကိုသီးနှံပင်များ အထိရောက်ဆုံးစားသုံးနိုင်မည့်အနေအထားကို ဖန်တီးယူနိုင်ပါသည်။

တီဆူပါ ဖော့စဖိတ်မှာမြန်မာ့စိုက်ပျိုးရေးနယ်ပယ်တွင်အမဲ၊အညို၊သီးစားဓာတ်မြေဩဇာအဖြစ်လူသိများသည်။

သို့သော်စိုက်ပျိုးသူအများက ယင်းတို့ကို မြေချကျွေးရုံဖြင့်ကျေနပ်နေကြ သဖြင့်ထိရောက်မှုနည်းပြီးလေ လွင့်ဆုံးပါးမှုများနေသည်။

အကယ်၍ တီဆူပါကိုထိရောက်စွာ အသုံးပြုတတ်ပါက ငွေကုန်သက်သာပြီး အကျိုးအမြတ်ကိုပို၍ခံစားရမည်ဖြစ်သည်။

တီဆူပါမှာ မီးစုန်းကျောက် Rock Phosphate နှင့်မီးစုန်းငရဲမီးကို ဓာတ်ပြု၍ပြုလုပ်ထားသောမြေဩဇာဖြစ်သည်။

ယင်းမတိုင်မီက ရေပျော်ရန်ခက်သောမီးစုန်းကျောက်ကိုကန့်ငရဲမီး Sulphuric Acid ဖြင့်ဓာတ်ပြု၍ရသော စင်ကာစူပါဖော့စဖိတ် Single Super Phosphate(SSP ) ရှိခဲ့သည်။

ဤမြေဩဇာမှာ ကန့်ငရဲမီးနှင့်ပြုလုပ်ထားခြင်းကြောင့် ဆာလ်ဖာ(ခေါ်)ကန့် ဓာတ် ပါရှိနေခြင်းဖြစ်သည်။

တစ်နည်းဆိုသော် ဤမြေဩဇာကို အသုံးပြုခြင်းဖြင့် ဖော့စဖိတ်(ခေါ်)မီးစုန်း ဓာတ်ကိုရရှိရုံမက၊အပင်အာဟာရတစ်မျိုးဖြစ်သော ဆာလ်ဖာကိုပါရရှိစေသည်။

စင်ကာစူပါဖော့စဖိတ်ထက်ဖော့စဖိတ်ဓာတ် ပို၍ရရှိရန် ဆာလ်ဖျူရစ်အက်ဆစ်ဟုခေါ်သော ကန့်ငရဲမီးအစားမီးစုန်းငရဲမီး (ဖော့စဖောရစ်အက်ဆစ်) ကိုပြောင်းသုံးလိုက်သော အခါ တီဆူပါဖော့စဖိတ် (Triple Super Phosphate T.S.P) ကိုရရှိသည်။

ဤဓာတ်မြေဩဇာအတွင်းပါဝင်သော N.P.K အချိုးမှာ ၀:၄၅:၀ ဖြစ်သည်။

ဖော့စဖိတ်လိုအပ်မှု ကိုဖြည့်ဆည်းရန် အသုံးများသောမြေဩဇာဖြစ်သည်။

ဖော့စဖိတ်ကို ၄၅% ဟုဖော်ပြသော်လည်း မီးစုန်းကျောက်မှ ရေမပျော်သော ဖော့စဖိတ်များကို လွယ်ကူလျှင်မြန်စွာ စားသုံး၍မရပါ။

သာမန်သီးနှံစိုက်ခင်းထဲသို့ တီဆူပါကိုထည့်အသုံးပြုလိုက်သောအခါ တစ်နှစ်တာကာလအတွင်း ဖော့စဖိတ် 10 % ခန့်ကို သာအပင်များ စားသုံးနိုင်သည်။

ဤနေရာ၌ ယူရီးယားဓာတ်မြေဩဇာနှင့် မတူသည်မှာ ယူရီးယားအတွင်းရှိ နိုက်ထရိုဂျင်များ % များစွာ ပျောက်ဆုံးသွားသကဲ့သို့တီဆူပါ အတွင်းရှိ ဖော့စဖိတ်များမှာ ဆုံးပါးခြင်းမရှိပါ။

တီဆူပါအတွင်းမှ ရေပျော်နိုင်သောဖော့စဖိတ် ၁၀% ခန့်ကိုသာအပင်များစားသုံး၍ရကြပြီး၊ များစွာသောဖော့စဖိတ်တို့မှာမြေဆီလွှာ အတွင်း ရေမပျော်သောဘဝ၌ ခိုင်မြဲ( Fix )နေကြခြင်းဖြစ်သည်။

ရေပျော်သောဖော့စဖိတ်များသည် မြေဆီလွှာအတွက်အောက်ဖက်သို့ စိမ့်ယို (Leach )မသွားဘဲ၊ မြေဆီလွှာအတွင်းရှိ အိုင်းယွန်း  Fe ၊အလျူမီနီယမ် Al ၊ကယ်လ်စီယမ် Ca တို့နှင့်ဓာတ်ပြုပြီး ရေမပျော်နိုင်(အပင်များမစားသုံးနိုင်သော) ဖော့စဖိတ် ဘဝသို့ရောက် ရှိသွားခြင်းဖြစ်သည်။

အကယ်၍ စိုက်ခင်းတစ်ခုစီသို့ထည့်ပေးလိုက်သော တီဆူပါမှ ၁၀% သာ အပင်များ ကစားသုံးရပြီး ၉၀% ရေထဲတွင်မြဲနေခြင်းကြောင့် နောက်တစ်ရာသီများတွင် ထိုကဲ့သို့ပင် တီဆူပါအသစ်အသစ်ထပ်ထည့်ပေးနေပါက မြေထဲတွင် အပင်များ မစားသုံးနိုင်သော မြဲနေသည့်
ဖော့စဖိတ်များ ထပ်တိုးနေမည်ဖြစ်သည်။

ထိုကဲ့သို့ ရေမပျော်သောဖော့စဖိတ်များ တိုးလာသောအခါမြေဆီလွှာအတွင်းအမြစ်များ ထိုးဖောက်ရန် ခက်ခဲသောအမာလွှာ Hard pan ဖြစ်လာသည်။

အမာလွှာဖြစ်လာခြင်းမှာ စိုက်ပျိုးရေးပြုလုပ်ရန်ခက်ခဲသည့် မြေပျက်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။

ရေမပျော်သော ဖော့စဖိတ်များကြောင့် အသစ်အသစ်သောတီဆူပါများထပ်ထည့်ပေးနေခြင်းမှာ မှန်ကန်သောလုပ်ရပ်မဟုတ်ပါ။

မြေဆီလွှာအတွင်း ရေမပျော်သေးသောဖော့စဖိတ်များကို ရေပျော်လာအောင်ပြုလုပ်ခြင်းသည်သာ ထိုမြေမျိုးကိုပြုပြင်ခြင်း၏ အဖြေ မှန်ဖြစ်သည်။

အကယ်၍ မြေဆီလွှာအတွင်း သစ်ဆွေးမြေ Compost ကဲ့သို့သောဩဂဲနစ်ပစ္စည်းများ အသုံးပြုပါက ဩဂဲနစ်ပစ္စည်းများဆွေးမြေ့ရာ မှထွက်လာသောဩဂဲနစ်အက်ဆစ်များကရေမပျော်သောဖော့စဖိတ်များကိုရေပျော်စေပါလိမ့်မည်။

ဩဂဲနစ်ပစ္စည်းများကြောင့် တိုးပွားလာသော အနုဇီဝရုပ်များကလည်း ထိုရေမပျော်သော ဖော့စဖိတ်များကိုရေပျော်စေမည်ဖြစ်သည်။

ဩဂဲနစ်ပစ္စည်းများရှိနေသော မြေတွင်သီးနှံပင်၏ အမြစ်များပိုမိုကြီးထွားဖွံ့ဖြိုးခြင်း ကလည်းရေမပျော်သောဖော့စဖိတ်များ ကိုရေပျော်စေ မည်ဖြစ်သည်။

တီဆူပါဖော့စဖိတ်မြေဩဇာအတွင်းမှ ရေပျော်သောဖော့စဖိတ် ရရှိအောင်ပြုလုပ်ရာတွင်ထုံးကိုလည်း အသုံးပြုနိုင်သည်။

မြေချဉ်ဖြစ်သော PH အခြေအနေမျိုးတွင် မြေဩဇာထဲမှ ဖော့စဖိတ် နှင့် မြေဆီလွှာအတွင်းမှ Fe,Al,Ca ,Znတို့နှင့် ဓာတ်ပြုရန်အလွန်လွယ်စေသည်။

ထိုသို့ဓာတ်ပြုထားသော ရေမပျော်သည့် ဖော့စဖိတ်များကို သီးနှံပင်ကမစားသုံးနိုင်။ ထို့ကြောင့်မြေချဉ်များတွင် ထုံးကိုကြိုတင်ထည့် ထားခြင်းကဖော့စဖိတ်ကိုအပင်များစားသုံးရန်လွယ်ကူစေသည်။

သို့သော်ထုံးလွန်ကဲစွာအသုံးပြုခြင်းကလည်း PH မြင့်သွားသော အခြေအနေမျိုးတွင် ဖော့စဖိတ်စားသုံးရန်ခက်ခဲစေသည်။

မြေငန်များတွင် ထုံးအသုံးပြုခြင်းက အခြေအနေကိုပို၍ဆိုးဝါးစေသည်။

ထိုအခြေအနေမျိုးတွင် ဂျစ်ဆမ် Gypsum ကိုအသုံးပြုနိုင်သည်။

ဦးဖရက်သိန်းဖေ

 




Leave a Reply

Your email address will not be published. Required fields are marked *

WordPress spam blocked by CleanTalk.